ဝါးခယ်မမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ဝါးခယ်မ  ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို အ-ထ-က (၁)ဒေါ်ပိုက်မိခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားကို "ဘတ်စုံပညာကိုရည် ဒို့လှမ်းချီ" သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြောင်းမြခရိုင် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကြွယ်မှ အမှာစကားပြောကြားခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကာယ၊ ဉာဏပြိုင်ပွဲနှင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများချီးမြှင့်ခဲ့ပြီး ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများမှ သရုပ်ပြဖျော်‌ဖြေတင်ဆက်၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ မြောင်းမြခရိုင် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကြွယ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)