ရေနံချောင်းမြို့နယ် ရတနာမဉ္ဇူသုဓမ္မာတန်ဆောင်းတော်ကြီး၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ရေနံချောင်း ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက် မြို့မမြောက်ရပ်ရှိ ရတနာမဉ္ဇူ သုဓမ္မာတန်ဆောင်းတော်ကြီး၌ ပရိယတ္တိစာအောင်သံဃာတော်များနှင့် သီလရှင်ဆရာကြီး ဆရာလေးများအား အောင်ဆုနှင့် အောင်လက်မှတ် ချီးမြှင့်ဆက်ကပ်ပူဇော်ပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းကကျင်းပသည်။

အခမ်းအနားတွင် နာယကဆရာတော် ရွှေစေတီပါဠိတက္ကသိုလ်ကျောင်းတိုက် အဂ္ဂမဟာ ဂန္ဓဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလ နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သြဝါဒခံယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက နာယကဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်သံဃာ့ဝေယျာဝစ္စအဖွဲ့ဥက္ကဌ ဦးစိန်လှိုင်က စူဠဘွဲ့နှင်းသဘင် ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဥ်း၍ လျှောက်ထားလွှာဖတ်ကြားသည်။

ဆက်လက်၍ ပရိယတ္တိစာအောင်သံဃာတော် (၄၂)ပါးနှင့် သီလရှင် (၈)ပါး စုစုပေါင်း (၅၀)ပါးတို့အား အောင်ဆုနှင့် အောင်လက်မှတ်များ၊ လှူဘွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းမိသားစုများ၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်သံဃာ့ဝေယျာဝစ္စအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စတုပစ္စယရိုးမဆွမ်းလောင်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်