ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၄

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုကို ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက ပဲခူးမြို့၌ ကျင်းပခဲ့သည်။

ကန့်ကွက်ရှုတ်ချပွဲကို ပဲခူးမြို့၊ ပြည်သာယာလမ်း၊ ဆေးရုံးလမ်း၊ ရွေမော်ဓောဘုရားလမ်းမှ ရွှေမော်ဓောဘုရားယာဉ်ရပ်နားစခန်းထိ ချီတက်စုဝေးကြကြီး သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် မျိုးချစ်ပြည်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်းကို မျိုးချစ်သံဃာတစ်ပါးနှင့် မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးတို့က ဟောပြောခဲ့ကြသည်။

ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက သာသနာကိုဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များ (ကျရှုံးပါစေ) လူသတ်အကြမ်းဖက်သူပုန်မှန်သမျှ (ဆန့်ကျင်ကြ) မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်သည့် ဘုရား၊ စေတီ၊ ဆင်းတုတော်များအား စော်ကားဖျက်ဆီးသူ (ဒို့ရန်သူ) ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများ (ကျရှုံးပါစေ) ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား (ဆန့်ကျင်ကြ) အကြမ်းဖက်အားပေးလောက်ကောင်များ (အလိုမရှိ) သာသနာဖျက်အကြမ်းဖက်သမားများ (အလိုမရှိ) စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ကြသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲများသို့ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ သံဃာတော် (၉၅)ပါး၊ သာသနာ့ နွယ်ဝင် သီလရှင် (၁၀၀) ပါးနှင့် မျိုးချစ်ပြည်သူ (၁၀၅၀) ဦး၊ စုစုပေါင်း (၁၂၄၅) ဦးတို့က တစ်ခဲနက် တက်ရောက်ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သိရသည်။

ပဲခူးသား