ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ဆိပ်ဖြူ ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာကို စားသုံးဆီ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် လျားထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးဆောင်ရွက်နိုင်ပြီး ဆောင်နေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီ၌ ဆီထွက်သီးနှံနေကြာကို စားသုံးဆီ ပိုမိုထုတ်လုပ် နိုင်စေရန် ရည်ရွယ်၍ စိုက်ဧက (၇၅၈၅) ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး လျာထားချက် ကျော်လွန်၍ (၇၅၉၂) စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့သည်။ ဆီထွက်သီးနှံ ဆောင်းနေကြာ များ အောင်မြင်ဖြစ်ထွန်းရေး၊ တစ်ဧကထွက်နှုန်းမြင့်မား တိုးတက်ရေးအတွက် ဒေသခံတောင်သူများကို နေကြာ မျိုးကောင်း မျိုးသန့်များ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေးနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး၊ သွင်းအားစုမြေသြဇာများ စနစ်တကျ ထည့်သွင်းအသုံးပြုနိုင်ရေးနည်းပညာ များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး  ရာသီ အလိုက် ဆီထွက်သီးနှံနေကြာများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် မျိုးကောင်းမျိုးသန့်အလုံ အလောက်ရရှိစေရန်  ဒေသခံတောင်သူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နေကြာမျိုးစေ့ အဆင့်မြှင့်တင်ရေး စိုက်ခင်း (၁၀)ဧက စိုက်ပျိုးဆောင်ရွက်ခြင်း၊ နေကြာအထွက်နှုန်း တိုးတက်ရေးစံပြ (၁၀) ဧကနှင့် နေကြာမျိုးစေ့ထုတ် (၂၅) ဧကတို့ကို ဆောင်ရွက် ထားရှိကြောင်း၊ ဆီထွက်သီးနှံ ဆောင်းနေကြာကို ဒေသခံတောင်သူများစိုက်ပျိုးခဲ့ရာ လက်ရှိအချိန်၌ (၁၅၀၆) ဧက ရိတ်သိမ်းပြီးစီးခဲ့သလို တစ်ဧကထွက်နှုန်း (၂၇ ဒဿမ ၃၂)တင်းထွက်ရှိခဲ့ပြီး ဆီခွက်သီးနှံနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုး ထုတ်လုပ် သည့် ဒေသခံပြည်သူများထံမှ သိရသည်။   

ကိုဇွဲ(အညာမြေ)