၂၀၂၄ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဟောပြောပွဲ၊ သင်္ချာစွမ်းရည်နှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

လဟယ် ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး ဗလငါးတန်ပြည့်ဝစေရန် ရည်ရွယ်ကာ ယနေ့ နံနက် (၁၀)နာရီအချိန်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်နန်းမဉ္ဇူအေးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကြကာ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် အလယ်တန်း အဆင့် ကျောင်းသား/သူ (၁၅)ဦးနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် (၃၅)ဦး စုစုပေါင်း မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူ(၅၀)တို့ ယှဉ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုများချီးမြှင့် ပေးခဲ့သည်။ ထို့နောက် စာအုပ်ပြပွဲကို ဆက်လက်ပြသကာ သုတ၊ ရသစာအုပ်စုစုပေါင်း(၇၀)အုပ်အား ပြသပေးခဲ့သည်။

လဟယ် (ပြန်/ဆက်)