မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေယာဥ်များအား ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က တုံးလှဲချောင်းမြစ်အတွင်းရှိ MV စိန်မြတ်အောင်ရေယာဥ်သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဥ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အတွင်းရေးမှူးရဲမှုးမိုးစိန်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ စားသုံးရေးရာဦးစီးဌာနဦးစီးမှူး ဦးမင်းဇော်လတ်၊ မီးသတ်ဦးစီးဌာနဦးအရာရှိ ဦးမျိုးဇော်တို့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သို့ ထွက်ခွာမည်ဖြစ်သော MV စိန်မြတ်အောင်ရေယာဥ်ရှိ တရားမဝင်သော ပစ္စည်းများတင်ထားခြင်းရှိ/ မရှိ၊ ရေယာဥ်လိုင်စင်များဆောင်ထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို MV စိန်မြတ်အောင်ရေယာဥ်မှ တာဝန်ခံအား မှာကြားခဲ့ ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ ဆက်)