စစ်ကိုင်းမြို့တွင် လက်တွေ့အသုံးချ စိုက်ပျိုးရေးဆေးနည်းများ ပြုလုပ်ခြင်း သရုပ်ပြပွဲ ကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၁၂

စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လက်တွေ့အသုံးချ စိုက်ပျိုးရေးဆေးနည်းများ ပြုလုပ်ခြင့် သရုပ်ပြပွဲအခမ်းအနားကို ဇန်နဝါရီ(၁၂)ရက်၊ နံနက်(၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သရုပ်ပြပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပေးပြီး အဖွဲ့ဝင်(၂)၊ ဦးတိုးဝေက ဌာနဆိုင်ရာများအား ဖိတ်ခေါ်၍ သက်ဆိုင်ရာဌာန အနေဖြင့် လက်တွေ့အသုံးချ စိုက်ပျိုးရေးဆေးနည်းများ ပြုလုပ်သုံးစွဲခြင်းသရုပ်ပြပွဲတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် နည်းပညာများသိရှိရအောင် ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၊ မိမိတို့နေအိမ်များတွင် ရာသီပေါ်သီနှံနှင့် စားဖိုဆောင် သုံးသီးနှံများစိုက်ပျိုးရာတွင် လက်တွေ့အသုံးချဆောင်ရွက် စိုက်ပျိုးသွားကြစေလိုကြောင်း၊ နည်းပညာ များရရှိတဲ့အခါမှာ သက်ဆိုင်ရာဌာနနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထူအကူစေမှာဖြစ်ကြောင်း ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပါက စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး က နည်းပညာပေးသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြေကြားခဲ့သည်။

စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ ကျေးရွာတောင်သူများအား ဖိတ်ခေါ်၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ လက်တွေ့အသုံးချ စိုက်ပျိုးရေးသုံး သဘာဝဆေးနည်းများ ပြုလုပ်သုံးစွဲခြင်းသရုပ်ပြပွဲများကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)