ရေတာရှည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး‌ရေးနယ်လှည့်စာကြည့် တိုက်လိုက်လံဖွင့်လှစ်

ရေတာရှည် ဇန်နဝါရီ ၁၂

ပဲခူးတိုင်း​ဒေသကြီး​၊ တောင်ငူခရိုင်​၊ ရေတာရှည်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့​ နေ့လယ်ပိုင်းက သပြေတန်းကျေးရွာ အခြေခံပညာမူလတန်း‌ (လွန်)ကျောင်း၌ နယ်လှည့်စာကြည့် တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသူ‌၊ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြေဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုယ်ကာယဥာဏစွမ်းရည်များ ဖွံ့ဖြိုးစေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရန်ရည်ရွယ်ကာ ရုပ်ပုံပြစာအုပ်နှင့် စက္ကူပြဇာတ်များဖြင့် ပုံပြောပြခြင်း၊ ကဗျာရွတ်၍ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှုများအား ကျောင်းသား၊ ကျောင်းသူများနှင့်အတူတကွ ပြုလုပ်ခဲ့ကြသည်။

ထို့နောက်​ ကျောင်းသူ၊ ​ကျောင်းသား​လေးများအား က​လေးအလုပ်သမားပပျောက်ရေး၊ သက်ငယ်မုဒိမ်း၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)