ရေကြည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်

ရေကြည်    ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင်  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင် ရေးအတွက် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ လူနေအိမ်များ၊ အခြေခံပညာကျောင်းများ၊ ဓါတ်ဆီဆိုင်များ၊ ဘဏ်များ၊  ကုမ္မဏီများသို့  ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ် ဆေးဗူးထားရှိမှုအခြေအနေများ၊ ရေသိုလှောင်ထားမှုအခြေအနေများ၊  ဂိုဒေါင်များတွင်  ပစ္စည်းသိုလှောင်ထားမှု အခြေအနေများ၊ လောင်စာဆီသိုလှောင်မှုအခြေအနေများ၊ လျှပ်စစ်သွယ်တန်းမှု အခြေအနေများ၊ လူနေအိမ်များတွင် ချက်ပြုတ်သည့်နေရာများအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးသတ်ဆေးဗူး အသုံးပြု နည်းများကိုလည်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)