ကသာ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၈) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၁)ပိဿာကို ငွေကျပ် ၆၅၀၀ နှုန်းဖြင့် ဒေသခံပြည်သူများအား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။ စားအုန်းဆီရောင်းချပေးနေမှုကို ခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များကကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တန်ဖိုးသင့်စားအုန်းဆီ ရောင်းချပေးခြင်းကို ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ် မှုဖြင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့နှင့် မြို့နယ်ကုန်သည်ကြီးများအသင်းက ယနေ့တွင် လူဦးရေ (၇၇၀)ဦးအား ရောင်းချပေးခဲ့ကြောင်းနှင့် စားအုန်းဆီများရောင်းချပေးလျက်ရှိရာ ကသာမြို့နယ် အတွင်းရှိ ဝန်ထမ်း များအား(၁၃)ကြိမ်၊ ဒေသခံပြည်သူ(၁၅)ကြိမ်၊ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (၁)ကြိမ်၊ မြို့ပေါ်ဘုန်းတော်ကြီး ကျောင်းများနှင့်သီလရှင်ကျောင်းများသို့ (၂)ကြိမ် စုစုပေါင်း (၃၀) ကြိမ်ရောင်းချပေး ခဲ့ပြီးဖြစ်ကြောင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
ကျော်စွာထွန်း(ကသာ)