ကျောင်းကုန်း ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင် အုပ်စု၊ အ.လ.က အနောက်ဝေါမိကျောင်း၌ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းကုန်းမြို့နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး အားကစားမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်လူငယ်ရေးရာကော် မတီအတွင်းရေးမှူး အားကစားမှူး ဦးထွန်းထွန်းဝင်းမှဘော လုံးတစ်လုံးနှင့် ခြင်းလုံးတစ်လုံး ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်က လက်ခံရယူခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရလူငယ်နှင့် ကျန်းမာရေးကဏ္ဍအား Grade-9 မှ နော်ဖြိုးစုအောင် ကလည်းကောင်း၊ လူငယ်နှင့်စာပေကဏ္ဍအား Grade-9 မှ စောစွမ်းထက်ရှိုင်း ကလည်းကောင်း၊ လူငယ်နှင့်အနုပညာကဏ္ဍအား Grade-8 မှ နော်သံသာဝင်းကလည်းကောင်း၊ လူငယ်နှင့်အားကစားကဏ္ဍအား Grade-6 မှ မောင်ရှိန်းထက်ဦးကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်သူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အခမ်းအနားအပြီး၌ ကျောင်းသား/ကျောင်း သူများဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအကြောင်း ၊ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)