ကလေးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကလေး ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌  ကလေးခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်ကျောင်းသား၊ ကျောင်းသူများ၏ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးမြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်မှာစကား ပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးတွာလ်ဆွင်းဗန်က လူငယ်များ စဉ်းစားတွေးခေါ်မှုစွမ်းရည်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးလာစေရန်နှင့် လူငယ်စကားဝိုင်းကျင်းခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က ဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ Grade-8 မှ မဒိမ်ရှင်းနဲက လူငယ်နှင့်Facebook၊ Grade-9 မှ မညောင်အစ်ဒိမ်းက လူငယ်နှင့်စာပေ၊ Grade-9 မှ မမန်ရှန်းဆဲန်က လူငယ်နှင့်ယဉ်ေကျးမှု၊ Grade-9 မှ မောင်ဂိုရှင်းပြောင်က လူငယ်နှင့် အားကစား၊  Grade-9 မှ မဗျက်ထားပါရ်က လူငယ်နှင့်သဘာဝပတ်ဝန်းကျင် စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်များအလိုက် အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)