ခန္တီး ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.လ.က(ဇီးဖြူကုန်း)ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ ကျောင်းသား/သူလေးများက စုံညီပွဲတော်တို့နွှဲပျော် သီချင်းသီဆိုခြင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဉီးကျော်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားကာ အ.လ.က(ဇီးဖြူကုန်း)ကျောင်းအုပ်ဆရာကြီး ဉီးထားမီက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းကော်မတီအဖွင့်ဝင် ဒေါ်ဆန်းလိုင်းရှီးက စုံညီပွဲဖြစ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့နယ်အဆင့်နှင့် ကျောင်းတွင်းဆုရရှိသော ကျောင်းသား/သူလေးများအား သက်ဆိုင်ရာ ဆရာ/မ များက ဆုများ အသီးသီးချီးမြှင့်ခဲ့ကာ အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်ခဲ့သည်။
အဆိုပါစုံညီပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား ကျောင်းသား/သူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)