ငရုတ်ကောင်း ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ (အ.ထ.က) ငရုတ်ကောင်းမြို့တွင် (၂၀၂၃-၂၀၂၄)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်း ရှိရွှေရတုခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာကျောင်းသား၊ ကျောင်းသူလေးများ၏ "ပညာရေးစုံညီပွဲတော်တို့နွဲပျော်" သီချင်းဖြင့်တေးသရုပ်ဖေါ် ကပြဖျော်ဖြေပြီး ကျောင်းအုပ်ဆရာကြီးမှ အမှာစကား ပြောကြားပေးပါသည်။
ဆက်လက်ပြီး ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများ အားကျောင်းအုပ်ဆရာကြီး ဦးဇော်ဦး၊ မြို့အုပ်ချုပ်ရေးမှူးဦးဝေယံဦး၊ (ခလရ- ၉၈)မှ ဗိုလ်မှူးငြိမ်းမင်းထက်၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး သန်းတိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး (အ.ထ.က)ငရုတ်ကောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ (အ.ထ.က) ငရုတ်ကောင်းကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသောဧည့် သည်တော်များ တက်ရောက်ခဲ့ကြသည်။
ငရုတ်ကောင်း(ပြန်/ဆက်)