ဟင်္သာတမြို့နယ်၌ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့ ဦးစီးကျင်းပသော စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ဦးစီးကျင်းပသော စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်နေ့ က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့တို့မှ စာရေးဆရာများ၊ သတင်းစာဆရာအသင်းမှ တာဝန်ရှိသူများ၊ SH Media မှ သတင်းသမား အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှုး ဦးအောင်ပြည့်စုံ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင် ဒု-ဥက္ကဋ္ဌ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုံးမောင်(မြင်းမူ-မောင်နိုင်မိုး)တို့က သတင်းမီဒီယာနှင့် ပတ်သက်သော ကျင့်ဝတ်များ၊ ဥပဒေ/နည်းဥပဒေများ၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းဝင်များ လိုက်နာရမည့် အချက်များ၊ ရှောင်ရန်ဆောင်ရန်များ၊ စာပေနှင့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ပြန်/ဆက်ရုံး စာကြည့်တိုက်အတွက် စာအုပ်စာစောင်များအား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခရိုင်ပြန်/ဆက်ဦးမှူးထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

အခမ်းအနား အပြီးတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲဝင်များသည် ဟင်္သာတခရိုင်ပြန်/ဆက်ရုံး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပြီး လိုအပ်သည်များကို ဆွေးနွေးအကြံပြုခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်

(ဟင်္သာတ)