ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကံမ)၌ ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ကံမ ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကံမ)၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈နာရီက အ.ထ.က(ကံမ) မြဝတီခန်းမ၌ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်သီချင်းဖြင့် ဖွင့်လှစ်ပေးပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကားပြောကြားပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဆိုင်ရာကိစ္စရပ်များ၊ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ် သက်ဝင်ရှင်သန်စေရန် ဆရာ၊ ဆရာမများက မိဘပြည်သူများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းမြှင့်တင် ဆောင်ရွက်ပေးကြရန်ပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဦးပုလွင်က ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် မိဘဆရာပူးပေါင်း၍ အလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက်၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့၌ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်စွာဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)