သဲကုန်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်လေးများ မြန်မာစကားပုံများကိုသိရှိကာ ဗဟုသုတကြွယ်ဝစေရန်နှင့် စာဖတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် စကားပုံဆက်ပြိုင်ပွဲကို ယနေ့ နေ့လယ် ၁နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြာခဲ့ပြီး ပြိုင်ပွဲအား စတင်ကျင်းပခဲ့ရာ အဆိုပါပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)မှ Grade-8 ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)