ပေါက် ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပေါက်မြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသား/ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော်ကို “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးနေဇော်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်ထွန်းက စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ဆင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘပြည်များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)