မြို့သစ်မြို့နယ်တွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ

မြို့သစ် ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ကာယစွမ်းရည်တိုးတက်စေရန် ၊ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်ကျန်းမာကြံ့ခိုင်စေရန်အတွက် ကျောင်းတွင်းအာကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းအဆင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပရာတွင် အထက(၁)ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ/ဆရာမများကြီးကြပ်မှုဖြင့်  မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းအဆင့် ထုပ်စီးထိုးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ မုန့်စားပြိုင်ပွဲ၊ ကုလားထိုင်လုပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ အိပ်စွပ်ပြိုင်ပွဲ၊ ဘောလုံးကောက်ပြိုင်ပွဲအစရှိသည့် ကစားနည်း (၁၀) မျိုးကို ကျင်းပပြီး ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို ကျောင်းအဆင့်ပညာရေးစုံညီပွဲတော်၌ ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)