နတ်မောက် ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မူလတန်းအဆင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအား အင်္ဂလိပ်စာအခြေခံအားနည်းသူများပြားသည့်အတွက် အခြေခံအဆင့်မှစ၍ အင်္ဂလိပ်စာ အရေးအဖတ်အားကောင်းစေရန်၊ လူငယ်/လူရွယ်များ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်တတ်စေရန်၊ အလေ့အကျင့်ကောင်းမှ အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရာတွင် မူလတန်းဆင့်ကျောင်းသား/သူ (၂၀)ဦးမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/ သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဆရာ/မများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
လှဝင်း