သံတောင်ကြီး အောက်တိုဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ပြီး ခေါင်းဆောင်မှု စွမ်းရည်မြှင့်မားလာစေရန်အတွက် အမျိုးသမီး ခေါင်းဆောင်မှု သင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ရှင်ယောဟန်ဓမ္မရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသမီးများအသင်းအဖွဲ့များတွင်ပါဝင်တတ်စေရန်၊ ခေါင်း ဆောင်မှု အရည်အချင်းများ ပြည့်ဝစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲရှိစေရန်၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်တတ်စေရန်နှင့် အမျိုးသမီးများ အပေါ်ခွဲခြားဆက်ဆံမှုပပျောက်စေရန်စသည်
တို့ကို ဆွေးနွေးသင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲကို PAUNG SIE FACILITY (PSF) ၏ပံ့ပိုးကူညီမှုဖြင့် သံတောင်ကြီး အမျိုးသမီးများအဖွဲ့ ဒါရိုက်တာဒေါ်မာမာချိုနှင့်အဖွဲ့က သံတောင်ကြီးမြို့ပေါ် ရပ်ကွက်/ကျေးရွာ များရှိအမျိုးသမီး(၃၀)ဦး နှင့်ပြုလုပ်ခြင်းဖြစ်ပြီးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန် ချက်နှင့်အညီဆောင်ရါက်ခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)