ကန်ကြီးထောင့်မြို့နယ်၊ ကျုံဒရယ်ကျေးရွာအုပ်စုရှိ ၁၀၈ တောင်ဂမုန်းပေါင်းစေတီကျောင်းတိုက်၌ ၂၇၆၃ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိ

ကန်ကြီးထောင့် ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျုံဒရယ်ကျေးရွာအုပ်စုရှိ ၁၀၈ တောင်ဂမုန်းပေါင်းစေတီကျောင်းတိုက်၌ ၂၇၆၃ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နေ့တွင် ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲတော်အား ၁၀၈ တောင်ဂမုန်းပေါင်း သာသနာနယ်မြေ၌ ကျင်းပပြုလုပ်သည်ဖြစ်ရာ အဆိုပါသာသနာနယ်မြေ၌ ခင်းကျင်းပြသထားသော ကရင်ရိုးရာပြခန်းများအား လာရောက်လည်ပတ်ကြည့်ရှု့ကြသော ကရင်တိုင်းရင်းသားများ၊ ပြည်သူများနှင့် အဆိုပါကျောင်းတိုက်သို့ လာရောက်ကြသာ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ဒါနပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထိုသို့လာရောက်လည်ပတ်ကြည့်ရှု့ကြသာ ကရင်တိုင်းရင်းသားများနှင့် ဘုရားဖူးပြည်သူများ၊ ကုသိုလ်ဒါနပြုလုပ်ကြသူများအား တာဝန်ရှိသူများက ကောက်ညှင်းပေါင်းများနှင့် စတုဒီသာကျွေးမွေးခြင်းတို့ ဖြင့်ဧည့်ခံခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)