ငွေဆောင်ကမ်းခြေတွင် (ကရင်နှစ်သစ်ကူး)ရုံးပိတ်ရက်၌ အပန်းဖြေလာရောက်သူများဖြင့် စည်ကားလျက်ရှိ

ငွေဆောင် ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေတွင် ယမန်နေ့ဇန်နဝါရီလ (၁၁)ရက်နေ့၊ ကရင်နှစ်သစ်ကူး၊ အစိုးရ(ရုံးပိတ်ရက်)၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ ပင်လယ်ရေ ကြည်လင်ခြင်း၊ သဲသောင်ပြင်သန့်ရှင်းခြင်း၊ ဟိုတယ်များဝန်ဆောင်မှုကောင်းမွန်ခြင်း စသည်တို့ဖြင့် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားရာ ကမ်းခြေတစ်ခုဖြစ်ပြီး ငွေဆောင်မြို့ထဲရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင်အပန်းဖြေကြသူများ၊ ရေကူး၊ လမ်းလျှောက်ကြသူများ၊ အ..ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ချစ်သူများကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ကျောက်မောင်နှမ၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းများသို့ သွားရောက် လည်ပတ်လျက်ရှိကြကြောင်း သတင်းရရှိသည်။

ငွေဆောင်