လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Biometric ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်

လပွတ္တာ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ (Biometric) ကောက်ယူခြင်းနှင့် (Unique ID) နံပတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက လပွတ္တလုပ်တောင် အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးနိုင်ဦးနှင့် ဝန်ထမ်းများက လပွတ္တလုပ်တောင်ကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့် အညီအသက် (၁၀)နှစ် အထက် နိုင်ငံသားဖြစ်ခွင့်ရှိသူများအား ဂဏန်း (၁၀)လုံးပါဝင်သည့် UID ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် Biometric အချက်အလက် စိစစ်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)