စစ်ကိုင်းမြို့၊ ထူပါရုံ အ.လ.က(ခွဲ)တွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၁၀

စစ်ကိုင်းမြို့၊ ထူပါရုံ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန် ဆုချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား/ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့်သီဆို ဖွင့်လှစ်ပေးခဲ့ကြပြီး ထူပါရုံအခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍများတွင် ကဏ္ဍအလိုက် ထူးချွန်စွာရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းမြို့နယ်၊ ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်