ဒိုက်ဦး ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အ.မ.က(မူလွန်) မြို့သစ်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို အ.မ.က(မူလွန်) မြို့သစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာကျောင်းသား" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စောစံထွေး က အဖွင့်အမှာစကားပြောကြားပေးကာ ပညာရေးဆိုင်ရာအချက်အလက်များနှင့် စုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဉာဏစွမ်းရည်ဆုများ၊ ကာယစွမ်းရည်ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူတို့မှ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ဖိတ်ကြားထားသော ဧည့်သည်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)