ကရသူရိမြို့၌ အပတ်စဉ် Mobile Library စနစ်ဖြင့် ကျောင်းသား/သူများအား စာအုပ်/စာစောင်များ ကွင်းဆင်းငှားရမ်း‌ပေး

ကရသူရိ ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊    ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား/သူများ အားလပ်သည့် အချိန်၌ စာအုပ်/ စာစောင်များကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေး အပတ်စဉ် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်း‌ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာအုပ်/စာစောင်များ ဖတ်ရှုခြင်းဖြင့် စာဖတ်သည့်အလေ့အထပိုမိုကောင်းမွန်စေရေး၊ စာပေဗဟုသုတများရရှိရေး၊ ဆန်းသစ်တီထွင်နိုင်သည့် အနာဂတ်ကျောင်းသား/သူများပေါ်ထွန်းစေရေး စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် လက်ဝယ်အရောက်ငှားရမ်းပေးခြင်းဖြစ်ရာ ထိုသို့ငှားရမ်းရာ၌ ကဗျာ၊ ကာတွန်း၊ သုတ၊ရသ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်ပြ၊ အထွေထွေဗဟုသုတစာအုပ်စသည့်တို့ စုံလင်စွာပါရှိကြောင်းသိရသည်။

Mobile Library စနစ်ဆောင်ရွက်ခြင်းသည် စာဖတ်သူများ အလွယ်တကူဖတ်ရှုနိုင်ရေး၊ စာကြည့်တိုက်သို့ လာရောက်ရန်မအားလပ်သည့် စာဖတ်ပရိသတ်များအား လက်ဝယ်အရောက် ငှားရမ်းပေးခြင်းနှင့် ပြည်သူများနှင့် ကျောင်းသား/သူများ စာဖတ်သည့်အလေ့အထ ပိုမိုကောင်းမွန်ရေးဆောင်ရွက်ခြင်းဖြစ်ရာ အဆိုပါဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)