ညောင်လေးပင်မြို့နယ်တွင် သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး

ညောင်လေးပင် ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဌာနမှ သံဃာတော်များအား ကျန်းမာရေးစောင့်​ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျောင်းသစ်​ကျောင်းတိုက် ဆောင်ရွက်ပေးခဲ့သည်။
ကျန်းမားရေးစောင့်ရှောက်မှုများပြုလုပ်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးမှ သံဃာတော်များအား တိုင်းရင်းဆေးများဖြင့် သက်ဆိုင်ရာရောဂါအလိုက် နှိပ်နှယ်ပေးခြင်း၊ ဆေးစည်းပေးခြင်း၊ သောက်ဆေး၊ စားဆေးများပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ​မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ထားသောနေ့များအလိုက် ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)