ညောင်လေးပင်မြို့နယ်အတွင်းရောင်းချလျက်ရှိသော ဆေးဆိုင်များ၌ မြန်မာစာမှတ်ပုံတင်အမှတ်အသားမပါသော ဆေးဝါးများရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ညောင်လေးပင် ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များ၌ မြန်မာစာမှတ်ပုံတင်အမှတ်အသားမပါသော ဆေးဝါးများရောင်းချနေခြင်း ရှိ၊ မရှိ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

လိုက်လံစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာမှ မြန်မာစာမှတ်ပုံတင်အမှတ်အသားမပါရှိသော ဆေးဝါးများ မရောင်းချရန်၊ ရောင်းချနေခြင်းများရှိပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)