ကရသူရိ ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးခြင်းကို ယမန်နေ့ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက ကျောင်းသား/သူများ အားလပ်ချိန်တွင် ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာအုပ်/စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာကြွယ်ဝခြင်း၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ခြင်းနှင့် သွတ်လက်/ဖြတ်လတ်သည့် ကလေးများဖြစ်စေရေး စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းတို့ကို ပြောကြားသည်။ ထို့နောက် ကျောင်းသား/သူများက မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်အသီးသီးဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယှဉ်ပြိုင်ကြရာ အကောင်းဆုံးဆုရရှိသူများကို မြို့ဦးစီးမှူးက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းသည် ကျောင်းသား/သူများ၏ ကျောင်းစာများသာမက စာအုပ်/စာပေ ဗဟုသုတများရရှိရေးနှင့် စာဖတ်အားကောင်းစေရေးဆောင်ရွက်ခြင်းဖြစ်ရာ အဆိုပါကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း/အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)