ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ Orientation သင်တန်းပြုလုပ်

ပုသိမ် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ Orientation on Strengthening Public Health Services Ayeyarwady Region သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက သင်တန်းသို့တက်ရောက်လာကြသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ လူတစ်ဦးတွင် မွေးစမှသေဆုံးသည်အထိ ဘဝတစ်သက်တာစဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်လိုအပ်သည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဗဟိုမှသက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူ ပြည်သူ့ကျန်းမာရေးပညာရှင်များက သင်ကြားပို့ချသွားမည်ဖြစ်ပြီး (၈.၁.၂၀၂၄) ရက်နေ့မှ (၁၀.၁.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)