ငွေဆောင်မြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ

ငွေဆောင်      ဇန်နဝါရီ       ၉

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့တွင် ပုသိမ်မြို့နယ် ၊ မီးသတ်ဦးစီးမှူး  ဦး တင်ထွဋ်  ဦးဆောင်၍ ငွေဆောင်နယ်မြေမီးသတ်စခန်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(၂/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နေ့လည်ပိုင်းက ငွေဆောင်နယ်မြေ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားရာတွင် မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ကြီး (၄) ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်  ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသည့် တာဝန်ကြီး( ၄) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်  ရည်ရွယ်၍    ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှအရန် မီးသတ်တပ်ဖွဲ့ဝင်များအတွက်တူညီဝတ်စုံများ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာသင်တန်းများက လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွဋ် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့အတွင်းရှိ အရန်မီးသတ်များ တက်ရောက်ခဲ့ကြပြီး အမှတ်စဥ် ( ၂/ ၂၀၂၄) အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအားသင်တန်းသားဦးရေ (၅၀) ဦးခန့်ဖြင့် ( ၈.၁.၂၀၂၄) မှ ( ၂.၂.၂၀၂၄) ရက်နေ့ အ ထိ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို စာတွေ့ ၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

R – 014( ငွေဆောင်)