မင်းဘူး ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေမှ အာမခံအလုပ်သမားတစ်ဦး အလုပ်တွင်ထိခိုက်ကြောင့် မြို့နယ်လူမှုဖူလုံရေးရုံးက အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေလုံးငွေရင်းအကျိုးခံစာခွင့်ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါရေနံမြေအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မင်းဘူးမြို့၊ မြန်မာ့ရေနှံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေမှ အထွေထွေမန်နေဂျာ ဦးကိုကိုသက်က အဖွင့်အမှာစကားပြောပြီး၊ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးက အလုပ်တွင်ထိခိုက်ကြောင့် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေလုံးငွေရင်း အကျိုးခံစာခွင့်ထုတ်ပေးရခြင်းနှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံက ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေမှ အာမခံအလုပ်သမား ဦးဝေလင်းထွန်းအား အလုပ်တွင်ထိခိုက်ကြောင့် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေလုံးငွေရင်းအကျိုးခံစာခွင့်ငွေများကို ပေးအပ်ခဲ့ပြီး၊ အာမခံအလုပ်သမား ဦးဝေလင်းထွန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၊ မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေမှ အာမခံအလုပ်သမား ဦးဝေလင်းထွန်းသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် ည(၉)နာရီအချိန်ခန့်က ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေရှိ ကမ်းနီဒေသတွင်းအမှတ် (၂၆၈)၌ Pumping Unit ခုတ်မောင်းရန်အတွက် 400 V O/H Line Connection ပေးနေစဉ် ဒန်းကြိုးဖြင့်ရိုက်ခတ်၍ ဘယ်ဘက်မျက်လုံးထိခိုက်၍ ဘယ်ဘက်မျက်လုံး ကွယ်သွားခဲ့ခြင်းအတွက် လုပ်အားဆုံးရှုံးမှု ၃၃ ဒသမ ၃၃ ရာခိုင်နှုန်းအတွက် (၇)နှစ်စာ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၃.၈၈၀,၄၁၁ ကျပ် ၉၂ ပြား တိတိကို ထုတ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံဦးစီးအရာရှိ ဒေါ်သန်းသန်းအေးထံမှ သိရသည်။
မောင်မောင်(မင်းဘူး)