ကျောင်းကုန်းမြို့၌ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းနေမှု ကြည့်ရှုစစ်ဆေး

ကျောင်းကုန်း ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့ အမှတ် (၄) ရပ် ကွက်၌ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသည့် မြို့ပတ်လမ်းကျောက်ချောခင်းခြင်းလုပ်ငန်းသို့ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့ပတ်လမ်းခင်းကျင်းနေမှုသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့်တာဝန်ခံအင်ဂျင်နီယာ ဒေါ်ချစ်စုကျော်စွာ၊ လမ်းကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်တို့က ၂၀၂၃-၂၀၂၄ တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ်သိန်း (၉၀၀) ဖြင့် ဆောင်ရွက်သည့် မြို့ပတ်လမ်းကျောက်ချောခင်းခြင်းလုပ်ငန်းတွင် ကျောက်များခင်းကျင်းပြီးစီးမှုအခြေအနေ၊ မြေရောကျောက်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေနှင့် လမ်းကြိတ်စက်ဖြင့် လမ်းကြိတ်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ မြို့ပတ်လမ်းကျောက်ချော ခင်းခြင်းလုပ်ငန်းကို အရှည် (၇၅၀) ပေ၊ အကျယ်(၁၂)ပေနှင့် ထု(၉)လက်မဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)