ဖျာပုံမြို့ အမှတ် (၁၆)ရပ်ကွက်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဖျာပုံ ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံ စားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၆) ရပ်ကွက်အတွင်း ရောင်းချပေးကြသည်။

ထိုသို့ ရောင်းချပေးရာတွင်​ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သက်သက်ကြူနှင့် ဝန်ထမ်းများ၊ အမှတ် (၁၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖျာပုံမြို့ အမှတ် (၁၆) ရပ်ကွက်အတွင်းရှိ ပြည်သူများ အား အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် ကြက်ဥ(၁)လုံးလျှင် (၂၀၀)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကန်စွန်းရွက်၊ ချဥ်ပေါင်ရွက်စသော ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး လိုက်လံရောင်းချ ပေးလျက်ရှိကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူ များသို့ သက်သာသော စျေးနှုန်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ်၊ တနင်္လာနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်ရောင်းချ ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရှိရ သည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)