ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ(နေကြာ) လျာထားချက်ပြည့်မီ‌ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးတွေ့ဆုံဆွေးနွေး

ညောင်တုန်း ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ(နေကြာ) လျာထားချက် ပြည့်မီ‌ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးတွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

တွေဆုံနွေးနွေးရာတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနဒုတိယတိုင်းဦးစီးမှူး၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီတို့က မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီတို့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးတာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် တွေ့ဆုံ၍ ဆောင်းသီးနှံ(နေကြာ)လျာထားချက် ပြည့်မီ‌ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို‌ လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်း ဆောင်ရွက်နေမှုအခြေနေများကို ပြန်လည်ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက်  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနဒုတိယတိုင်းဦးစီးမှူး၊ ခရိုင်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီနှင့်  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီတို့က မြို့နယ်အတွင်းရှိ ဆင်းရွှေကြာ(၂) နေကြာသီးသန့် စံပြစိုက်ခင်း(၁၀)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)