ကျိုက်လတ်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုက်လတ် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများကို တာဝန်ရှိသူများက ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အတွင်း နယူးဧရာမျိုး ပျိုးထောင်စိုက်ပျိုးနေမှုအခြေအနေများ၊ သီးထပ်ရင်မျိုး ပျိုးထောင်စိုက်ပျိုးနေမှု အခြေအနေများအား ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စိုက်တိုးမြင့်အဖွဲ့ဝင် များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ဖုန်းနှင့် ဝန်ထမ်းများသည် ကျိုက်လတ်မြို့နယ်၊ လတာကြီး ကျေးရွာ‌နေ၊ တောင်သူ ဦး‌ကျော်သန်း၏ ကွင်း အမှတ်(၇၂)၊ ဦးပိုင်အမှတ်(၁/၂)၊ ဧရိယာ (၃.၅၀)ဧကအား  နယူးဧရာမျိုး ပျိုးထောင်စိုက်ပျိုးနေမှု အခြေအနေနှင့် ပန်းပဲစုကျေးရွာအုပ်စု၊ ပန်းပဲစုကျေးရွာနေ၊ တောင်သူ ဒေါ်ကျင်ဆိုင်၏ ကွင်းအမှတ် (၁၁၈)၊ ဦးပိုင်အမှတ်(၁/၉)၊ ဧရိယာ (၁၀.၀၀)ဧကအား  သီးထပ်ရင်မျိုး ပျိုးထောင်စိုက်ပျိုးနေမှု အခြေ အနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့်ဆွေးနွေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်