ရှမ်းရွာသစ် ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည် ရွယ်၍ စာရေးဆရာဒေါက်တာသိန်းလွင်ရေးသားသော " ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ"ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဦးစီးမှူးက ကျောင်းတွင်သင်ယူတာ၊ သင်ကြားရတာသည် ဘဝတစ်ခုလုံးအတွက် လိုအပ်တာကို ဘယ်လိုမှအစားထိုးလို့မရနိုင်ကြောင်း၊ ဘယ်လိုစွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေကိုကျောင်း တွေမှာလေ့ကျင့်ပေးဖို့လိုအပ်ပါသလဲ၊ စိတ်ကူးကောင်းများကို စဉ်းစားဖော်ထုတ်ပြီး အများသိစေအောင် ဆက်သွယ်ပြောဆိုနိုင်တဲ့ ကျွမ်းကျင်မှု၊ စာအုပ်တွေမှာပါသည့် အချက်အလက်များကို နားလည်နိုင်မှု၊ သုံးသပ်နိုင်မှု၊ အကြံဉာဏ်ပေးနိုင်မှုစသည့် အရည်အသွေးများကို ကျွမ်းကျင်တတ်မြောက်ရန် လိုအပ်ကြောင်း ယခုဆွေးနွေးသည့်စာအုပ်သည် ကျောင်းသား လူငယ်များဖတ်ရှုသင့်သည့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ကြောင်း စသည်ဖြင့် စာအုပ်တွင်ပါရှိသည့် အကြောင်း အရာများကို အကျဉ်းချုပ် ဆွေနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် Book Club အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များက ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ၊ ကလေးတို့အမြင်နှင့်သုံးသပ်ချက်၊ လူကြီးတွေနှင့်လုပ်ရပ်နှင့် တုံ့ပြန်မှုများခေါင်းစဉ်ပါ အကြောင်းအရာများကို အကျဉ်းချုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)