သရက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြင့်ပွဲ ကျင်းပ

သရက် ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပခြင်းကို ယနေ့ နံနက် (၈:၃၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ်ဆင့် ဌာနဆိုင်ရာ အကြီးအကဲနှင့် အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမများကြီးများ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီးချင်း သီဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာမှာ အခြေခံပညာကျောင်းအသီးသီးသို့ နိုင်ငံတော်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ပညာရေးစုံညီပွဲတော်များ ကျင်းပနိုင်ရန်အတွက် ပံ့ပိုးချီးမြှင့်ငွများကို ကျောင်းသားအချိုးအလိုက် ချဝေခွဲပေးခဲ့ကြောင်း၊ ၎င်းချီးမြှင့်ပံပိုးငွေများမှ အခြေခံပညာကျောင်းများတွင်  ကာယ၊ ဉာဏ၊ ဘက်စုံထူးချွန် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပစေပြီး ထူချွန် ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်စေခဲ့ကြောင်း၊ စနစ်သစ်ပညာရေးစနစ်တွင်လည်း အရေးပါ၍ ဗလငါးတန်ဖြစ်သော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ပြိုင်ပွဲများ အသီးသီး ကျင်းပပေးခဲ့ပါကြောင်း ပြောကြားပေးခဲ့ပြီး ပညာရေးစုံညီ ဧည့်ခံသီချင်းများဖြင့် အသီးသီး ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် စာပေပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ၊ ပန်ချီးပြိုင်ပွဲများတွင် ထူချွန်ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)နှင့်အတူ တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးခဲ့ရာ ဆုရ ကျောင်းသား၊ ကျောင်းသူလေးများက လက်ခံပေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူလေးများက "နောင်အင်းလေး"တေးသီးချင်း၊ "ရှမ်းရိုးမ အိုးစည်သံ"၊ "မြန်မာမလေးပါ"သီချင်းများဖြင့် ဧည့်ခံဖျော်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)