မင်းလှ ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ အ.ထ.က(မင်းလှ)ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း သပြေခန်းမ၌ စည်းကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စုံညီပွဲတော်ကို ကျောင်းသား/ သူလေးများက" စုံညီပွဲတော်ဒို့နွဲပျော်"သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက ကျောင်းသား/ သူလေးများအား ပညာရေးကို ပိုမိုတိုးတတ်အောင်သင်ကြားစေလိုကြောင်း၊ ကျောင်းသားမိဘများကလည်း ဆရာများနှင့်ပူးပေါင်းပြီး ပညာရေးမြှင့်မားအောင် ဆောင်ရွက်စေလိုကြောင်းတို့ကို ပြောကြားသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ဆုရဆရာ ဆရာမများ၊ တိုင်း/ ခရိုင်/ မြို့နယ် ကျောင်းအဆင့် စာပေဆု၊ အားကစားဆု၊ ဘက်စုံထူးချွန်ဆုတို့တွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုပေါင်း (၂၂၀)ကျော်အား ဆုများအသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့သည်။
မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၅၄)ကျောင်း၊ ဘုန်းတော်ကြီသင်ပညာရေး (၄)ကျောင်းရှိရာ ကျောင်းများအသီးသီး၌ ပညာရေးစုံညီပွဲတော်များကို အောင်မြင်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပေါက်စ