ဒေးဒရဲမြို့၌ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

ဒေးဒရဲ ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ် (၂) ရပ်ကွက် ကမ်းနားလမ်းတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက် (၁၁) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဖျာပုံခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက မီးလောင်ကျွမ်းခဲ့သည့် နေအိမ်နှင့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုးငွေ၊ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ မြန်မာနိုင်ငံ ​ကြက်ခြေနီအသင်းက ထောက်ပံ့ သည့် ကယ်ဆယ်ရေးပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း