ရေတာရှည်မြို့နယ်၌ Grade-9 နှင့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရေတာရှည် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အခြေခံပညာ အလယ်တန်း အဆင့် Grade-9 နှင့် အခြေခံပညာ မူလတန်းအဆင့် Grade-5 တို့၏ စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က (ရေတာရှည်) အောင်ဆန်း ခန်းမတွင် ပြုလုပ်ခဲ့သည်။                   

အခမ်းအနားတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၊ တာဝန်ခံကျောင်းအုပ်ကြီးများအား မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖြစ်သည့်အတွက် စာမေးပွဲနှင့် သက်ဆိုင်သည့် မေးခွန်းနဲ့ အမှတ်ပေးစည်းမျဥ်းများအား သိရှိစေရန်၊ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်ဦးနှင့် တိုင်း၊ ခရိုင်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်ပြီးသော ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများမှ ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ကြီးများ၊ တာဝန်ခံ ကျောင်းအုပ်ကြီးများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ ကြပြီး ဆွေးနွေးပွဲအား နံနက် (၁၀) မှ ညနေ (၄)နာရီအထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)