ဆင်ပေါင်ဝဲမြို့ ကျက်သရေဆောင် ဘုရားငါးဆူစေတီတော်မြတ်ကြီး ဂန္ဒကူဋိတိုက်တော် အတွင်းရှိ သရိယဓာတ်တော်မြတ်များအား ရဟန်းရှင် လူများ ဖူးမြော်ခွင့်ရရှိအောင် ယာယီစံမြန်းမည့် မှန်ကျောင်းဆောင်သို့ ပင့်ဆောင်သည့်အခမ်းအနားကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ မြို့ကျက်သရေဆောင် ဘုရားငါးဆူ စေတီတော်မြတ်ကြီး လက်ယာဘက် အာရုံခံတန်ဆောင်း ဂန္ဒကူဋိတိုက်တော်အတွင်း ကိန်းဝပ်စံပ္ပါယ်တော်မူသော ဘုရားရှင်၏ သရိယဓာတ်တော်မြတ်များ၊ ရဟန္တာအရှင်သူ မြတ်ကြီးများ၏ သရိယဓာတ်တော်မြတ်များအား ရဟန်းရှင်လူများ ဖူးမြော်ခွင့်ရရှိအောင် မူလစံမြန်းတော်မူရာ ကန္ဒကုဋိတိုက်တော်အတွင်းမှ ယာယီစံမြန်းမည့် မှန်ကျောင်းဆောင်သို့ ပင့်ဆောင်သည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ဘုရားငါးဆူစေတီတော် မြတ်ကြီး၏ အာရုံခံတန်ဆောင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတသ(၃)ကြိမ်ရွတ်ဖတ်၍ ဖွင့်လှစ်ခဲ့ပြီး ဆင်ပေါင်ဝဲမြို့ ကျောက်မှော်ကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်မှ ကိုးပါးသီလချီးမြှင့်၍ ဆရာတော်များမှ မေတ္တာသုတ်ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့နောက် ဘုရားငါးဆူဂေါပကအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များထံ သရိယဓာတ်တော်တိုက်သော့အား လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါသော့အား တာဝန်ရှိသူ လူကြီးမင်း များမှ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး ဆရာတော်ကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သရိယဓာတ်တော်မြတ်များအား ဘုရားငါးဆူစေတီတော်မြတ်ကြီးအား လက်ယျာရစ်ပူဇော်၍ ယာယီမှန်ကျောင်းဆောင်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြပြီး ဝိသာခါမေဝတ် အသင်းသူ များမှ ဓာတ်တော်ပင့်သံပေါက်များဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ယင်းနောက် ဆရာတော်ကြီးများမှ ဗောရိယမူလေဂါထာ(၃)ကြိမ် ရွတ်ဖတ်ပြီး ဗုဒ္ဓသာသနံစိရံတိဌတု ဂါထာရွတ်ဖတ်ပြီး အခမ်းအနားကိုအောင် မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)