ရွှေတောင် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့မှ ရွှေတောင်မြို့နယ် တွင် မီးဘေးလုံခြုံရေးအတွက် မြို့ပေါ် ရပ်ကွက်များရှိ မီးသတ်အုတ်ရေကန်များအား ယနေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။
ပွင့်လင်းရာသီသို့ ရောက်ရှိလာ၍ မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် အလွယ်တကူ ရေရရှိနိုင်ရန် မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်အုတ်ရေကန်များအား ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းနှင့် တပ်ဖွဲ့ ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးအေးမြင့်နှင့် အဖွဲ့ဝင်များက လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)