ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းလှမြို့နယ်တွင်‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကြည့်ရှု

မင်းလှ ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့ နေ့လယ်ပိုင်းက မင်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်အိုင်အုပ်စု၊ ကိုင်းပြင် ကြီးစာဖြူစုကျေးရွာ၊ ဦးဇော်မင်းထက်ပိုင် နေအိမ်တွင် စီးပွားဖြစ် အသားတိုးဝက်ကောင်ရေ(၁၂၀) ခန့် မွေးမြူထားသည့် ဝက်ခြံအခြေအနေများအား ကြည့်ရှုမေးမြန်းခဲ့ပြီး မွေးမြူရေးကဏ္ဍ ပိုမို တိုးတက်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနက်ကွင်းဧရိယာဖြစ်သည့် အင်းဘုတ်ကုန်းအုပ်စု၊ အင်းဘုတ်ကုန်း‌ကျေးရွာတွင် (၁)သီးမှ (၂)သီးသို့ တိုးချဲ့စိုက်ပျိုးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ရေရရှိရေးဆောင်ရွက်‌နေသည့် စက်ရေတွင်း (၃၃)တွင်း တူး‌ဖော်နေခြင်း လုပ်ငန်းအား ကြည့်ရှုခဲ့၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)