ဖြူး ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း သတ္တမအကြိမ် ချေးငွေထုတ်ချေးရန် (၃)နှစ်ပြည့် ကော်မတီအသစ် ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လိပ်သေကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မတီအသစ်ရွေးချယ်ပွဲသို့ မြို့နယ်အဆင့် မြစိမ်းရောင်ကော်မတီဝင်များ၊ ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များ၊ အသင်းသားများနှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်၍ မြစိမ်းရောင်စီမံကိန်းများနှင့် ပတ်သက်သည့် အားနည်းချက် အားသာချက်များကို အသီးသီး ဆွေးနွေးခြင်း၊ စီမံကိန်းရေရှည်တည်တံ့ရေးအတွက် ကော်မတီအသစ် ရွေးချယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဆောင်ရွက်သည့် ကျေးရွာပေါင်း (၅၆) ရွာ ရှိပြီး ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)