ကျိုက်လတ်မြို့နယ်တွင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကြည့်ရှုစစ်ဆေးခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ စစ်ဆေးရေး အရာရှိချုပ် ဦးရဲခေါင်ထွန်း ဉီးဆောင်၍ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက် ရှိသော  ပဆင-ဂွေးချောင်း ကြီးကျေးရွာအဝင် (၅၀ပေx၂၀ပေ) ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာအုပ်စု (၆)အုပ်စု၊ ကျေးရွာ(၁၃)ရွာရှိ အိမ်ခြေ(၁၂၄၀)၊ လူဦးရေ (၅၅၁၅)ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်