သရက် ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၌ မြို့နယ်ဓမ္မကူးလ် ဖောင်းဒေးရှင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဓမ္မစကူး သင်တန်းဆင်းပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင် မိသားစုများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် နမောတဿ(သုံးကြိမ်) ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြပြီး ပင့်သံဃာ ဆရာတော်များအား ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက နဝကမ္မအလှူ ဆက်ကပ်လှူဒါန်းပေးကာ သာသနာရေးဆိုင်ရာများ လျောက်ထား ပေးခဲ့သည်။
ဆက်လက်၍ ဓမ္မစကူးလ်အလှူရှင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ အသီးသီးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ် များ ပေးအပ်ခဲ့ကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသမှ ဩဝါဒမိန့်ကြားပြီး လှူဒါန်းမှု (၈၁)သိန်း (၆)သောင်း (၃)ထောင်ကျပ်အား ရေစက်သွန်းချ အမျှတန်းဝေခဲ့ကာ ဓမ္မစကူးလ် သင်တန်းသား/သင်တန်းသူများက ဇာတိမာန်သီချင်း ရွတ်ဆို၍ အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)