အထက်မင်းလှ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မွေးမြူထားသည့်တိရစ္ဆာန်များကို ဆေးဝါးကုသခြင်း၊ သန်ချခြင်း၊ အားဆေးထိုးနှံခြင်းနှင့် ခွာနာလျှာနာ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက ရေခါးကျေးရွာတွင် ကွင်းဆင်း၍ အခမဲ့ထိုးနှံ ပေးခဲ့သည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာပွင့်မြတ်နိုးသိမ့်နှင့် ဝန်ထမ်းများ ကရေခါးကျေးရွာမှ တောင်သူများမွးမြူထားသည့် နွားကောင်ရေ(၂၈၅)ကောင်အား ခွာနာလျှာနာကာကွယ် ဆေးအခမဲ့ထိုးနှံပေးပြီး သန်ချခြင်း၊ အားဆေးထိုးနှံပေးခြင်းနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ့်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ခြံဖျန်းပိုးသတ်ဆေး၊ အနာလိမ်းဆေး၊ Tar နှင့် Bioiodine ဆေးဘူးများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)