ဒေးဒရဲ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်သီတာက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဆုပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းမြတ်သူနှင့် ကျောင်းကော်မတီဝင်များက သင်ကြာရေး၊ ပညာရေးနှင့်အားကစားထူးချွန်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထိုနောက် အမှတ်(၃)အခြေခံပညာအထက်ကျောင်းက ကျောင်သား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဥ်များဖြင့် ကပြဖျော်ဖြေခဲ့ပြီး တက်ရောက်လာသူများက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း